အကြောင်းအရာ

 

cropped-cropped-cropped-project-title.jpg

 

ရန်ကုန်မြို့တော်တွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုသည်မှာ ဘာလဲ၊ ဘာကြောင့်လဲ နှင့် ဘယ်နေရာမှာလဲ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် အုပ်ချုပ်မှုအသွင်သစ်တစ်ခုကို ရှေ့တိုးဆောင်ရွက်နိုင်ရန် ဥရောပသမ္မဂ၏ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စီမံကိန်းတစ်ခုကို လူမှုအဖွဲ့အစည်းနှင့် ဒေသခံအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်ခဲ့သည်။ စီမံကိန်း အဓိကဦးတည်ချက်မှာ မြို့တော်နေပြည်သူများ၏လူနေမှုဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်လာစေရေးနှင့် အမှိုက်စွန့်ပစ်မှု အမူအကျင့်မျာ တိုးတက်ကောင်းမွန်လာစေရေးတို့ဖြစ်သည်။

ယင်းအစီအစဉ်ကို အီတလီနိုင်ငံတူရင်းမြို့တော်နှင့် ရန်ကုန်မြို့တော်တို့၏ စီမံအုပ်ချုပ်သူအစိုးရတို့က အစပြုလုပ်ဆောင်ခဲ့သည်။ စတင်လုပ်ဆောင်ခဲ့သည်။ ထိုသို့နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှု လမ်းစဉ်အပြီးတွင် Amiat ကုမ္ပဏီနှင့် တူရင်းမြို့တော်၏ စွန့်ပစ်ပစ္စည်းစီမံခြင်း ကျွမ်းကျင်မှုတို့ကရန်ကုန်မြို့တော်ကြီးကို အကြီးကျယ်အခမ်းနားဆုံး မြို့တော်တစ်မြို့ ဖြစ်လာစေနိုင်သည်။

DSCN6657

အမှိုက်သိမ်းဆည်းမှုလမ်းကြောင်း ပို၍တိုးတက်ကောင်းမွန်စေရန် အဆင့်အမြင့်ဆုံး ဂြိုလ်တုစနစ်တပ်ဆင် မောင်းနှင်ခြင်းနည်းလမ်းကိုစတင်ခဲ့သော အီတာကာတက္ကသိုလ်၏ပူးပေါင်းပါဝင်မှုဖြင့်လည်း စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်းကျွမ်းကျင်မှုကို ဖြည့်စွက်ခဲ့သည်။

ထပ်မံပူးပေါင်းပါဝင်သူအနေဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကြာ ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသော အီတလီ အခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်း CESVI သည် ရန်ကုန်မြို့တော်အကြောင်း စေ့စပ်နက်နဲသော ဗဟုသုတများ၊ ယင်း၏နယ်ပယ်နှင့် သင်တန်းပေးကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ရန်ကုန်မြို့ရှိ မြို့နယ်သုံးခုမှ ၇၀၀,၀၀၀ ထက်ပိုသော အကျိုးခံစားခွင့်ရှိသူများကိုကောင်းကျိုးပြုသော လုပ်ပိုင်ခွင့် အာဏာလွှဲပြောင်းခြင်းနှင့် သင်တန်းပို့ချမှုကဏ္ဍရပ်များကို CESVI မှ ပံ့ပိုးပေးသည်။

ဥရောပသမ္မဂ္ဂသည် စီမံကိန်းကိုကူညီထောက်ပံ့ပေးပြီး လူမှုအဖွဲ့အစည်းနှင့် ဒေသခံအာဏာပိုင်များ၏ အခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ပေးသူများအဖြစ် အသိအမှတ်ပြုသည်။ အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူလူထုကြား ပို၍နီးစပ်သောဆက်ဆံမှုအခြေအနေသို့ဦးတည်သော ပြောဆိုဆက်ဆံမှုအခြေအနေများ ဖန်တီးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှု မူဘောင်များကို ထောက်ပံ့ပေးခဲ့သည်။ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ခြင်းတွင် ပါဝင်ဆက်နွယ်နေသော အခြေခံလူတန်းစားများမှတဆင့် နိုင်ငံသားများ၏လိုအပ်ချက် ဖော်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

တူရင်း၊ ရန်ကုန်၊ အီတာကာနှင့် CESVI အနေဖြင့် အဆိုပါသဘောတရားများကို ကောင်းစွာနားလည် သဘောပေါက်၍

  • နိုင်ငံသားတို့၏ လိုအပ်နေသောအရာများကိုဒေသခံအုပ်ချုပ်သူများမှ အလေးထားအာရုံစိုက်ခြင်း၊
  • လူတိုင်း အေးချမ်းတည်ငြိမ်စွာနေထိုင်လုပ်ကိုင်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သောနေထိုင်မှုပတ်ဝန်းကျင် ဖြစ်ပေါ်စေခြင်း၊
  • နိုင်ငံသားတို့၏အကျိုးခံစားခွင့်ရလဒ်အဖြစ် အသိအမြင်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ သင်တန်းများ ပြုလုပ်ခြင်း စသည့် အကြောင်းအရာတစ်ခုချင်းစီအပေါ် အသေးစိတ်အခြေခံ၍ ဆန်းသစ်သော ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်မှု နည်းလမ်းများပေးခြင်းနှင့်အတူ ဥရောပသမ္မဂမှ ဖန်တီးပေးအပ်သော အခွင့်အလမ်းများကို အမိအရဖမ်းဆုပ် အကောင်အထည်ဖော်ခဲ့ကြသည်။

 

footer_swm

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s