စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာတွင် ပုဂ္ဂလိက ကဏ္ဍအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ စက်မှုဇုံမှ စက်ရုံများအားသင်တန်းပေးခြင်း

မြန်မာနိုင်ငံမှ ပွင့်လင်းလာသည့်အခြေအနေများနှင့်အတူ ပုဂ္ဂလိက အခန်းကဏ္ဍသည်လည်းပဲ တိုးတက်နေပါသည်။ ထိုတိုးတက်လာသည့် အခြေအနေနှင့်တကွ နိုင်ငံတကာအဆင့်မှီသော စီမံခန့်ခွဲမှုမှာလည်းပဲလိုအပ်လာပါသည်။ ထိုအထဲတွင် သဘာဝပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ စီမံခန့်ခွဲမှုတွင်လည်းပဲ တခုအပါအဝင် ဖြစ်ပါသည်။

SWM2 စီမံကိန်းတွင်လည်းပဲ အဆိုပါကိစ္စအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိကကဏ္ဍမှ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စက်မှုလုပ်ငန်းထွက်အမှိုက်များ စီမံခန့်ခွဲမှုကိစ္စများတွင် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် သင်တန်းများအား နိုဝင်ဘာ ၂၀၁၄ နှင့် ဇန်နဝါရီ ၂၀၁၅တွင် သင်တန်းများပေးခဲ့ပါသည်။

20141119_134902

သင်တန်းများအား နိုင်ငံခြားကျွမ်းကျင်ပညာရှင်များမှပေးခဲ့ပြီး ဘာသာစကားအခက်အခဲမရှိစေရန် သင်တန်းတလျှောက် မြန်မာဘာသာဖြင့်ပြန်ဆိုခဲ့ပါသည်။ သင်တန်းသားများ သင်တန်းတက်ရောက်ရန် အဆင်ပြေစေရန်အတွက် သင်တန်းများအား နေ့ဝက်သင်တန်းအဖြစ် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ နိုဝင်ဘာ ၁၉၊ ၂၀၁၄၊ မွန်းလွဲ ၁း၃၀ မှ ၄း၃၀အထိ “Waste typology and classification – practical tools for private companies to identify their waste and the degree of risk in managing it” ခေါင်းစဉ်ဖြင့် Mr. Andrea Galparoli, AMIAT S.p.a, Turin City, Italy မှပို့ချခဲ့ပါသည်။ သင်တန်းတွင် အဓိကအားဖြင့် စက်မှုထုတ်လုပ်ရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများ ဆက်နွယ်မှု၊ စက်မှုကဏ္ဍနှင့် ဥပဒေဆိုင်ရာမူဘောင်၊ စက်မှုဆိုင်ရာအမှိုက်နှင့် ရေဆိုးဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အခွန်အကောက်နှင့် ကုန်ကျစားရိတ်များအား ပို့ချခဲ့ပါသည်။

Mr. Marco Guercio, AMIAT S.p.a, Turin City, Italy မှ ဇန်နဝါရီ ၂၇၊ ၂၀၁၅ မွန်းလွဲတွင် “Waste typology and classification – practical tools for private companies to identify their waste and the degree of risk in managing it” ခေါင်းစဉ်ဖြင့် အမှိုက်အမျိုးအစား ခွဲခြားသတ်မှတ်ခြင်း၊ အမှိုက်စီမံခန့်ခွဲခြင်းဘေးအန္တရာယ်များ၊ အမှိုက်စီမံခန့်ခွဲမှု (အမှိုက်ထွက်ရာနေရာများအားဆန်းစစ်လေ့လာမှုပြုခြင်း၊ အမှိုက်သိမ်းဆည်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ ကိစ္စများ)အားလည်းကောင်း၊

ဇန်နဝါရီ ၃၀၊ ၂၀၁၅ မွန်းလွဲတွင် “Environmental law – practical tools for private companies to improve internal systems for waste management and disposal” ခေါင်းစဉ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းများမှ အမှိုက်စနစ်တကျစီမံခန့်ခွဲခြင်းမှ ရလာနိုင်သော အကျိုးအမြတ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု၊ တိုးတက်မှုအစီအမံ၊ သက်ဆိုင်သော အရေးပါသောညွှန်းကိန်းများ၏ အကျိုးသက်ရောက်မှုအကဲဖြတ်ခြင်းနှင့် ပတ်ဝန်းကျင်အားသက်ရောက်မှုနည်းပါးစွာ အမှိုက်စွန့်ပစ်ခြင်းနည်းလမ်းများအားလည်းကောင်း၊ “Environmental standard – different kind of certification and practical steps for private companies to apply for” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလ၃ရက်နေ့မနက်ပိုင်းတွင် စီမံခန့်ခွဲမှုစနစ်၊ ကိုးကားစံနှုန်း၊ နိုင်ငံတကာစံချိန်စံညွှန်း လျှောက်ထားခြင်းအတွက် အကျိုးအမြတ်များနှင့် စီမံခန့်ခွဲမှု၏အရေးပါသောအပိုင်းများအား လည်းကောင်း၊ သင်တန်းပေးခဲ့ပါသည်။

သင်တန်းအား သင်တန်းသားဦးရေ ၁၂၀ မှ ၄၀ အထိတက်ရောက်ခဲ့ပြီး၊ အမေးအဖြေကဏ္ဍတွင်လည်းပဲ တက်ကြွစွာ မေးမြန်းခဲ့ပါသည်။ သဘောပေါက်လေ့လာမှုအားဆန်းစစ်ရန်အတွက် သင်တန်းအပိုင်းတခုပြီးတိုင်းတွင် မေးခွန်းလွှာများ ဝေငှကာ ဖြေဆိုခိုင်းခဲ့ပါသည်။

This entry was posted in Activities. Bookmark the permalink.

Leave a comment